
ကွမ်းရွက်သည် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည့်အပြင် မြန်မာလူမျိုးများ အများဆုံး စားသုံးကြသည့် ကွမ်းယာတွင်မပါမဖြစ်သော အဓိက ပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ယခုအခါ ကုန်ဈေးနှုန်းများ မြင့်တက်လာသော်လည်း မြိတ်ဒေသရှိကွမ်းရွက်ဈေးနှုန်းမှာ ကျဆင်းနေကြောင်း သိရှိရပါ သည်။ ကွမ်းရွက်ဈေးနှုန်းကျဆင်းရခြင်းသည် လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။ ကွမ်းရွက်ကို မိုးကာလတွင် အများဆုံးစိုက်ပျိုးကြပြီး မိုးနှင့် ဆောင်းကာ လများတွင် ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။
ယခု၂၀၂၅ခုနှစ်စက်တင်ဘာလပထမပတ်တွင် ကွမ်းရွက်အချောတစ်စည်းလျှင် (၁၃၀၀) ကျပ်ရှိပြီး ကွမ်းရွက်အကြမ်းတစ်စည်းလျှင် (၁၀၀၀)ကျပ် ရှိကြောင်း ကွမ်းရွက်ရောင်းချသူများထံ မှ သိရှိရပါသည်။
DOCA(တနင်္သာရီ)