ချောက်မြို့နယ်တွင် သက်သာသော စျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချနေမှုအား ကွင်းဆင်းကြပ်မတ်ခြင်း

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ ပူပေါင်းစီစဉ်မှုဖြင့် စားအုန်းဆီများကို စားသုံးသူပြည်သူများအား သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးသို့ ခွဲဝေချပေးထားသည့် စားအုန်းဆီများအနက် ချောက်မြို့နယ်အတွက် ခွဲဝေရရှိသည့် စားအုန်းဆီပေပါ (၁၀၀)(၁၁၀၀၀)ပိဿာ (၁၇.၉၆)တန်အား ချောက်မြို့နယ်ရှိ ဆီလုပ်ငန်းရှင်(၄)ဦးသည် (၁၈.၄.၂၀၂၂) မှ(၂၆.၄.၂၀၂၂)နေ့ထိ စားအုန်းဆီတစ်ပိဿာလျှင် (၅၈၀ဝိ/-)ကျပ်နှုန်းဖြင့် ရောင်းချနေမှုအား စားသုံးသူရေးရာဦးစီးဌာန ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)တို့သည် နေ့စဉ်ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းကြီးကြပ်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်‌ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ခွဲဝေရရှိသည့် ခွဲတမ်းများအတိုင်း ပြည့်မီမှန်ကန်စွာရောင်းချရေး နေ့စဉ် ရောင်းချမှုမှတ်တမ်းနှင့် ဓါတ်ပုံမှတ်တမ်းများအား အချိန်နှင့်တပြေးညီ နေ့စဉ်တင်ပြပေးရန် အသိ‌ပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းဆောင်ရွက်မှုအတွက် ဌာနမှအသိအမှတ်ပြုပါကြောင်းနှင့် မှန်မှန်ကန်ကန်ရောင်းချပေးခြင်းဖြင့် အတ္တပရမျှပါကြောင်း စားအုန်းဆီပေပါများကိုလည်း အတွင်းအပြင်သန့်ရှင်းမှုရှိရန်နှင့် အဝါရောင်ပေပါများဖြင့် ပြောင်းလဲသုံးစွဲရန်အသိပေး ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)