Benzoic Acid ပမာဏထက်ကျော်လွန်နေသော အသားချောင်း၊ အသားလုံးများ ဈေးကွက်အတွင်း ရှိမရှိကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် ၂၇.၄.၂၀၂၂ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မြစ်ကြီးနားမြို့အတွင်းရှိ ပင်လယ်စာရောင်းချသော အရောင်း ဆိုင်(၆)ဆိုင် အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြစ်ကြီးနားမြို့အတွင်းရှိ ပင်လယ်စာဆိုင်များမှ အသားလုံး၊ အသားချောင်း နမူနာ (၇)မျိုးအား ကချင်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ နမူနာကောက်ယူ၍ နေပြည်တော်သို့ ဓါတ်ခွဲစစ်ဆေးရန်ပေးပို့ခဲ့သော ဓါတ်ခွဲစစ်ဆေးချက်အရ အသားချောင်း၊ အသားလုံးနမူနာ(၄)မျိုးတွင် သတ်မှတ်ထားသည့် Benzoic acid ပမာဏထက် ကျော်လွန်နေသော ဂဏန်းပုံပါအမှတ်တံဆိပ် အသားလုံး (ပန်းရောင်)၊ ထိုင်းနိုင်ငံထုတ် B4 New အမှတ်တံဆိပ် ကြက်သား အသားဘောလုံး၊ ထိုင်းနိုင်ငံထုတ် Thai Star Brad အမှတ်တံဆိပ်ပါ (အနီရောင်)ဟောဒေါ့ကြက်သားလုံး၊ ထိုင်းနိုင်ငံထုတ်Thai Star Brad အမှတ်တံဆိပ်ပါ(ပန်းရောင်) အသားချောင်းတို့အား ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးခြင်းရှိမရှိနှင့် ရောင်းချဖြန့်ဖြူးမှုအား စစ်ဆေးတွေ့ရှိပါက ဈေးကွက်အတွင်းမှသိမ်းဆည်း ဖျက်ဆီးနိုင်ရေးပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်