ကျိုက်ထိုမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

             ၁၈.၁၁.၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံဦးဇော်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ်မုန့်များသန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး၊ ကျောင်းသား/ သူများ ဘေးအန္တရာယ်ကင်းရှင်းသောအစားအသောက်များ၊ မုန့်များရောင်းချရန်၊ သက်တမ်းလွန်နေသောမုန့်များ၊ တားမြစ်ထားသော ဆိုးဆေးများပါဝင်သည့် အစားအသောက်များရောင်းချခြင်းမပြုရန် သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)