၁၈.၁၁.၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံဦးဇော်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ်မုန့်များသန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး၊ ကျောင်းသား/ သူများ ဘေးအန္တရာယ်ကင်းရှင်းသောအစားအသောက်များ၊ မုန့်များရောင်းချရန်၊ သက်တမ်းလွန်နေသောမုန့်များ၊ တားမြစ်ထားသော ဆိုးဆေးများပါဝင်သည့် အစားအသောက်များရောင်းချခြင်းမပြုရန် သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)