စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၂/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး ခန်းမ၌ ကျင်းပပါသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ ၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန့်က အဖွင့်အမှာစကားပြောကြားရာ၌ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို စားသုံးသူရေးရာဦးဌာနက focal အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ နေ့က ထုတ်ပြန်ခဲ့ရာ နည်းဥပဒေစာအုပ်များကို ကော်မတီအဖွဲ့ဝင်များသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူ စွမ်းဆောင်နိုင်မှုအညွှန်းကိန်းစစ်တမ်းကောက်ယူရေးလုပ်ငန်းအား မေလအတွင်း ဆောင်ရွက် သွားရန်ရှိကြောင်း၊ စားသုံးဆီနှင့်ပတ်သက်သော သတ်မှတ်ချက်၊ ညွှန်ကြားချက်များအား သက်ဆိုင်ရာလုပ်ငန်းရှင်များက သိရှိလိုက်နာကြစေရေး ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ ရသည့် အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုများ၊ အခက်အခဲများပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်ကြမည့် အစီအမံများနှင့် ပတ်သက်၍ အကြုံပြုဆွေးနွေးကြရန်ဖြစ်ပါကြောင်း ပြော ကြားပါသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက စားသုံးသူကာကွယ်ရေးလုပ်ငန်း များနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသောအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများ၊ ကောင်မတီမှ ဆုံးဖြတ်ပေးရ မည့်မူဝါဒများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တက်ရောက် လာကြသော ကော်မတီအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့် အစီအမံများအပေါ် အကြံပြုတင်ပြ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူကာကွယ်ရေးကော်မတီအဖွဲ့ဝင်များ၊ စားသုံးရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)