ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးတွင်  ဧပြီလ(၂၈)ရက်နေ့၊ နေ့လည် (၁:၀၀)အချိန်၌ ဝက်လက်မြို့နယ် စားသုံးသူရေး ရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးအောင်သည်  ဌာနမှ ဝန်ထမ်းများနှင့် တက်ရောက်လာသူ ပြည်သူများကို  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူပြည်သူများအနေဖြင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာန (DOCA) ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ဌာနဟု ထင်သူများ၊ ကွဲကွဲ ပြား ပြားမသိသူများအတွက် ဌာန(၂)ခု၏ခြားနားချက်များ၊ မိမိတို့ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်း ချက်မှာ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်ဖြစ်ပြီး ရည်မှန်းချက်တာဝန်များမှာ စားသုံးသူအခွင့်အ ရေးနှင့်အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည် နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှုနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရန် ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွား ရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်ကြောင်းနှင့်တိုင်ကြားနိုင်သည့် နေရာများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်သော သတင်းအချက်အလက်များအား သိရှိစုံစမ်းလိုလျှင် Consumer Call Centerများသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

         စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲသို့ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးအပါအဝင် ဝန်ထမ်း (၅)ဦးနှင့် လေ့လာသူပြည်သူ (၁၀)ဦး၊ စုစုပေါင်း (၁၅)ဦးတက်ရောက်ခဲ့ပါသည်။

    စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကြောင့် စားသုံးသူပြည်သူ များအနေဖြင့် ဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများသိရှိသည့်အပြင် စားသုံးသူကာကွယ်ရေးဉပဒေပါ အကြောင်းအရာများကို သိရှိနားလည်ပြီး မိမိတို့၏လိုက်နာရမည့်တာဝန်နှင့်  မိမိတို့၏အခွင့်အရေး များကို တောင်းဆိုနိုင်မည်ဖြစ်ပါသည်။

DOCA(စစ်ကိုင်း)