ဗန်းမော်မြို့၊လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

            ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ဗန်းမော်မြို့၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာ စာတွေ့လက်တွေ့သင်တန်းသား(၂၅)ဦးအား ၂၀၂၂ခုနှစ်၊ ဧပြီလ၂၉ရက် နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါ သည်။

          အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံနှင့်ဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၉၊ ဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်နေ့တွင် စားသုံးသူကာကွယ်ရေးနည်းဥပဒေများ ပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက် နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်()ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)တွင် တိုင်ကြားနိုင်မှုများ၊ Digital ငွေကြေးဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့်အချက်အလက်များကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)