ပြည်မြို့နှင့် ပေါက်ခေါင်း စည်ပင်သာယာဈေးများအတွင်း စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြော

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အများပြည်သူတို့ စားသုံးသူရေးရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်နိုင်စေရေး ရည်ရွယ်၍ ဧပြီလ(၂၆) ရက်နေ့တွင် ပြည်မြို့ရှိ အောင်မင်္ဂလာစည်ပင်သာယာဈေးတွင်လည်းကောင်း ၊ ဧပြီလ (၂၇)ရက်နေ့တွင် ပေါက်ခေါင်းမြို့ရှိ မြို့မစည်ပင်သာယာဈေးတွင် လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများမှ စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ကုန်အညွှန်းအမှတ်အသားရေးသားဖေါ်ပြခြင်းဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် ဆွေးနွေးဟောပြောပွဲသို့ စည်ပင်သာယာဈေးများအတွင်း ရောင်းချနေသော ဈေးသည်များနှင့် ဈေးဝယ်လာကြသော အများပြည်သူများ တက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)