တရုတ်နိုင်ငံ၏ မိုဘိုင်းလ်ဖုန်းတင်ပို့ရောင်းချမှုသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၁.၈% မြင့်တက်ခဲ့ပြီး အလုံးရေ ၂၉.၆၇ သန်းကျော် ရှိကြောင်း တရုတ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအကယ်ဒမီ (CAICT) ထုတ်ပြန်ချက်အရ သိရသည်။ 5G မိုဘိုင်းလ်ဖုန်းများသည် အောက်တိုဘာလ တင်ပို့မှု၏ ၉၀.၁% စုစုပေါင်းအလုံးရေ ၂၆.၇၂ သန်းဖြင့် တစ်နှစ်ထက် တစ်နှစ် ၁.၁% တိုးလာကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ သုတေသနဌာန (CAICT) မှ ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း စုစုပေါင်း ဆဲလ်ဖုန်းတင်ပို့ရောင်းချမှုသည် တစ်နှစ်ထက် တစ်နှစ် ၈.၉% တိုးတက်ခဲ့ပြီး အလုံးရေ သန်း ၂၅၀ အထိ တိုးမြင့်ရောင်းချနိုင်ခဲ့သည်ဟု အချက်အလက်များအရ သိရသည်။ ပြည်တွင်းအမှတ်တံဆိပ်ဖုန်းများသည် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ မိုဘိုင်းလ်ဖုန်းဈေးကွက်ကို ဆက်လက်လွှမ်းမိုးထားခဲ့ပြီး တင်ပို့ရောင်းချမှုမှာ အလုံးရေ ၂၃.၄၆ သန်းအထိ ၃၀.၂% မြင့်တက်လာခဲ့သည်။ အောက်တိုဘာလတွင် ပြည်တွင်းဈေးကွက်သို့ ဖုန်းမော်ဒယ်အသစ် စုစုပေါင်း ၃၇ လုံး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Source : Xinhua
DOCA(ရန်ကုန်)