ပြည်ခရိုင်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အနာဂတ်တွင် ကောင်းမွန်သော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေရေး၊ စားသုံးသူနှင့် လုပ်ငန်းရှင်များအကြားညီညွတ်မျှတသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ကြီးကို ဖေါ်ဆောင်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြည်ခရိုင်အတွင်း၌ ဧပြီ (၂၀)ရက်တွင် သဲကုန်းမြို့နယ်၊ ညောင်ဝင်းအုပ်စု၊ ဘုရားပြိုကျေးရွာတွင်လည်းကောင်း၊ ဧပြီ (၂၂)ရက်တွင် ပန်းတောင်းမြို့နယ်၊ သရက်လိန် အုပ်စု၊ ကရင်စု ကျေးရွာတွင်လည်းကောင်း၊ ဧပြီ (၂၅)ရက်တွင် ရွှေတောင်မြို့နယ်၊ ဆိတ်ကြီးအုပ်စု၊ ကညမ်းကျေးရွာတွင်လည်းကောင်း၊ ဧပြီ (  ၂၈ )ရက်တွင် ပေါင်းတည်မြို့နယ်၊ သဖန်းပင်ဆိပ်အုပ်စု၊ ကညွတ်ကွင်းကျေးရွာတွင်လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေး ဉပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များ ပြစ်မှုပြစ်ဒဏ်များအကြောင်း စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ နည်းလမ်းများ၊ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာတို့အား အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)