ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းအဖွဲ့ဖွဲ့စည်းနိုင်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ ရှင်းလင်းဆွေးနွေး

Powered by Drupal

                    ၂.၅.၂၀၂၂ ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ကချင်ပြည်နယ် ပြောင်းလုပ်ငန်းအသင်း ဖွဲ့စည်းနိုင်ရန်အတွက် ဗန်းမော်ခရိုင် ဆန်စပါးကုန်သည်များအသင်းရုံး၌ ညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပခဲ့ရာ ကုန်သည်လုပ်ငန်းရှင်(၃၈)ဦးတက်ရောက်ခဲ့ပါသည်။

               အစည်းအဝေးတွင် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အသင်းအဖွဲ့အနေဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ပါက အကျိုးသက်ရောက်မှုပိုမိုရှိလာနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များတိုးတက်လာအောင်အသင်းအဖွဲ့က အကူအညီပေးခြင်းဖြင့် အသင်းဝင်အသစ်များတိုးလာနိုင်ကြောင်း၊ အသင်းအဖွဲ့အနေဖြင့် အကူအညီလိုအပ်ပါက စားသုံးသူရေးရာဦးစီးဌာနမှ ကူညီရန်အသင့်ရှိပါကြောင်း၊ အသင်းအား အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖွဲ့စည်း၍ အောင်မြင်စွာပူးပေါင်းညှိနှိုင်းဆောင်ရွက် ကြစေလိုကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဟိန်းပွဲရုံပိုင်ရှင်ဒေါ်ဝါဝါတင်မှ ပြောင်းလုပ်ငန်း အသင်းအဖွဲ့ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခြင်း၊ ဖူးပွင့်ပွဲရုံပိုင်ရှင်ဦးမိုးမှ ပြောင်းလုပ်ငန်းနှင့်ပြောင်းဈေးကွက် ရေရှည်တည်တံ့ခိုင်မာစေရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြ ပါသည်။

DOCA(ကချင်)