လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

          ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ၂၀၂၂ ခုနှစ်၊ မေ လ (၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိပဲ ဘေးအန္တရာယ်ရှိသည့် ရသေ့ဆေး(သို့)ထိုင်းဗိန်းတောဆေးနှင့် Bella Plus Plaster တို့အား ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မိတ်ဖက်ဌာနတို့နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များ၌ ထုတ်လုပ်သည့်နိုင်ငံ၊ တင်သွင်း သည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No. (IR) များ ဖော်ပြထားခြင်း မရှိသော Bella Plus Plaster နှင့် တရားဝင်ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘဲ Online ပေါ်တွင် ရောင်းချနေသည့် ရသေ့ဆေး(သို့) ထိုင်းဗိန်းတောဆေးများ ဈေးကွက်အတွင်း ရောင်းချနေမှုမရှိကြောင်းစိစစ်တွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေသော ဆေးဝါးများအား ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၉) ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ဆေးဝါးများသာဝယ်ယူ ရောင်းချသွားရန် ဈေးကွက်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)