ကြို့ပင်ကောက်မြို့နယ်၊ဒေါင်းလူး ကျေးရွာတွင် စားသုံးသူကာကွယ်ရေး တောင်သူများအား အသိပညာပေး ဟောပြောခြင်း

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်မှ (၄)မိုင်ခန့် ကွာဝေးသော ကျွန်းကုန်းအုပ်စု ၊ ဒေါင်းလူးကျေးရွာတွင် စိုက်ပျိုးရေးဌာန၊ တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ (၂၇.၄.၂၀၂၂) ရက်နေ့ ၊ နေ့လည် (၁:၀၀) နာရီအချိန်တွင် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသော တောင်သူ (၂၂)ဦးအား စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်အေးအေးမွန်မှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း ရှင်းပြခဲ့ပါသည်။

            တက်‌ရောက်လာသူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်းအရာများ ၊ စားသုံးသူအခွင့်အရေး ၊ လုပ်ငန်းရှင်များ၏တာဝန် ၊ နစ်နာမှုရှိလျှင် ကုစားပေးနိုင်သည့်အချက်များ ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များအကြောင်း ရှင်းလင်း ဟောပြောခဲ့ပါသည်။ ဟောပြောပွဲပြီးဆုံးချိန်တွင် တက်ရောက်လာသော တောင်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)