ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် ရာသီပေါ်သီးနှံဖြစ်သည့် မုန်လာဥနှင့်မုံညှင်းရွက်များကို ရောင်းချလျက်ရှိပါသည်။ မုန်လာဥနှင့် မုံညှင်းရွက်များကို အခြားမြို့များမှ သယ်ယူရောင်းချသည့်အပြင် ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း စိုက်ပျိုးကြပြီး ရွှေဘိုမြို့ပေါ်သို့ လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မုန်လာဥ (၁၅)လုံးပါ အစည်းတွဲ (၁)စည်းလျှင် (၂၅ဝဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မုံညှင်းရွက် (၁)စည်းလျှင် (၂၅ဝိ/-)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)