မကွေးမြို့ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ မကွေးမြို့နယ်ဦးစီးမှူး ဦးမျိုးဝင်း(စစ်ဆေးရေးအရာရှိ)နှင့် မကွေးခရိုင်ရုံးမှ  ဝန်ထမ်းများသည် (၅.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီမှ (၁၁:၃၀)နာရီထိ မကွေးမြို့ အ.ထ.က (၁)လမ်း ကန်သာရပ်ရှိ သာလှ(စတိုး) ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များအား ဌာနမှ သတ်မှတ်ထားသော ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါဝင်မှု ရှိ/မရှိ အသင့်စားမုန့် အမျိုးမျိုး ၊အချိုရည်များ၊ ပေါင်မုန့်၊ကိတ်မုန့်များသည် စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ  စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉နှင့်အညီ  ကုန်အညွှန်းအမှတ်အသား များပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/မရှိတို့ကို စစ်ဆေးရေးအရာရှိမှ ဦးဆောင်ပြီး ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ  စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

            စားသောက်ကုန် မုန့်အမျိုးမျိုးရောင်းချသော လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ -၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ အသင့်စားမုန့်အမျိုးမျိုးတွင်  ထားသိုသိမ်းဆည်းပုံအညွှန်း နှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်များကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည်ဟု ဖော်ပြထား ကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍  ၂၀၂၀ ခုနှစ် မတ်လ(၁၆)ရက်နေ့ မှ စတင်အာဏာ သက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုမရှိပါက ရောင်းချဖြန့်ဖြူးခွင့် မရှိဘဲဥပဒေအရ အရေးယူ‌ခံရမည်ဖြစ်ကြောင်း၊ လိုက်နာရန်ပျက်ကွက်သော လုပ်ငန်းရှင်အား စားသုံးသူ ကာကွယ်ရေးဥပဒေ ပုဒ်မ(၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀၀)ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်သားနှင့်ပတ်သက်၍ အခက်အခဲရှိပါက “စားသုံးသူ‌‌ရေးရာဦးစီးဌာန”သို့  လာရောက်တိုင်ပင် ဆွေးနွေး နိုင်ကြောင်းနှင့်လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင်ပင် စားသုံးသူများဖြစ်ကြောင်း၊ စားသုံးသူ များအနေဖြင့် စားသုံးသူအခွင့်အရေးများ ဆုံးရှုံးနစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီဌာနသို့ လူကိုယ်တိုင် လာရောက်တိုင်ကြားနိုင်သလို (DOCA  Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website doca.gov.mm တွင် ဝင်ရောက်ဖြည့်စွက်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(မကွေး)