ကျိူက်မရောမြို့နယ်တွင် စားသုံးသူအကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးပွဲ ( Talk Show) ပြုလုပ်

Powered by Drupal

             မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ၆.၅.၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၊ (Community Center) ခန်းမ၌ပြုလုပ်ခဲ့သည်။

            ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက စားသုံးသူအကာကွယ်ပေးရေးအသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး မွန်ပြည်နယ် စားသုံးရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်ရုံးတာဝန်ခံ  ဒုဦးစီးမှူး  ဦးအောင်ညီညီခန့်က  စားသုံးသူပြည်သူများအား ဝန်​ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူနစ်နာမှုအ​ပေါ် တိုင်ကြားနိုင်​သောနည်းလမ်းများနှင့် နစ်နာမှုရှိပါက Consumer Call Center 1535 သို့ ဖုန်းခေါ်ဆို၍လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ website နှင့် facebook page တို့မှလည်းကောင်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

            အဆိုပါ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး (Talk.Show) အစီအစဉ်ကို ကျိုက်မရောမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook page စာမျက်နှာတွင် ဝင်ရောက် ကြည့်ရူလေ့လာနိုင်ကြောင်း သိရှိရပါသည်။

DOCA(မွန်)