စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်စေရန် ရည်ရွယ်၍ (၄.၅.၂၀၂၂)ရက်နေ့တွင် ငပုတောမြို့နယ်မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားရေးသားခြင်း ဆိုင်ရာ အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့်တာဝန်များ၊ ပြစ်မှုပြစ်ဒဏ် အကြောင်းများအား ရှင်းလင်းဆွေးနွေးဟောပြောခြင်းများ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ လုပ်ငန်းရှင်များကလည်း သိလိုသမျှများကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)