စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ခြင်း

Powered by Drupal

         ရှမ်းပြည်နယ်(မြောက်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ ဒေါ်ခင်မာကြည်သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showအား (၄.၅.၂၀၂၂) ရက်နေ့ နံနက်(၁ဝး၀၀)နာရီအချိန် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုအသိပညာပေး Talk Show မှတဆင့် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့၏အခွင့်အရေးများ သိရှိထားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့် အချက်များ၊ ဌာနမှ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေခြင်းနှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)