တောင်ငူမြို့ ညောင်ပင်ဈေးတွင်ရောင်းချနေသောကြက်ပေါင်သီး

Powered by Drupal

              တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ကုန်စိမ်းဆိုင်များတွင် ကြက်ပေါင်သီးများ ရောင်းချလျက်ရှိပါသည်။ ကြက်ပေါင်သီးကို တောင်ငူမြို့ အရှေ့ဘက်ဒေသဖြစ်သော သံတောင်ကြီးမြို့နယ်တွင် သဘာဝအလျောက် ပေါက်ရောက်သောအပင်များမှ ရရှိကြောင်းသိရသည်။

              ကြက်ပေါင်သီးများမှာ ဥယျဉ်ခြံမြေများနှင့် တောတောင်များတွင်ပေါက်ရောက်ပြီး ဒီဇင်ဘာလတွင် အသီးများရင့်လာ၍ ဒေသခံပြည်သူများမှခူးဆွတ်၍ တောင်ငူမြို့ ညောင်ပင်ဈေးတွင် လာရောက်ရောင်းချကာ မိသားစုအပိုဝင်ရရှိနေကြောင်းသိရသည်။

          ကြက်ပေါင်သီးများကို အသားငါးများနှင့် ရောနှောချက်စား၍သော်လည်းကောင်း၊ ပုဇွန်ငါးပိနှင့် ကြော်စား၍သော်လည်းကောင်း၊ အခြောက်လှန်း၍ ချဉ်ရည်ဟင်းချက်စားရာတွင် လည်းကောင်း အရသာကောင်းမွန်ပြီးဆေးဖက်ဝင်ကြောင်းသိရသည်။

              ကြက်ပေါင်သီးဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့်ရောင်းချကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)