ရေကြည်မြို့နယ်ရှိ မုန့်ဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံ ဒေါ်ချယ်ရီမြင့်နှင့် ၀န်ထမ်းများသည် (၃.၅.၂၀၂၂)ရက်နေ့ နံနက် (၁ဝး၃၀)နာရီတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သစ်ရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချသောဆိုင် (၄)ဆိုင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         အဆိုပါ မုန့်မျိုးစုံရောင်းချသောဆိုင်များရှိ မုန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များပြည့်စုံစွာ ပါ၀င်ခြင်းရှိ/မရှိစျေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့များနှင့် စစ်ဆေးခဲ့ရာသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)