ကုန်အညွှန်းအမှတ်အသားဖော်ပြစေရေး အသိပညာပေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငပိတောင်း၊ ငပိကြော်လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင် ကိုရဲရင့်ကျော်သည် ၄.၅.၂၀၂၂ ရက်နေ့တွင် ငပိထောင်း၊ ငပိကြော်များ ထုတ်ပိုးရောင်းချနိုင်ရေး ငပုတောမြို့နယ်တာဝန်ခံအား လာရောက်တွေ့ဆုံကြောင်း သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းမှ ထုတ်ပိုးရောင်းချသော ကုန်စည်များနှင့်ပတ်သက်၍ ငပိထောင်း၊ ငပိကြော်လုပ်ငန်းလုပ်ကိုင်လိုသူ လုပ်ငန်းရှင်အား ထုတ်ပိုးရောင်းချသောကုန်စည်များ၏ ကုန်အမှတ်တံဆိပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံရန်အတွက် စားသုံးသူရေးရာဦးစီးဌာနသို့ အတည်ပြုလျှောက်ထားနိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်သောကုန်စည်၏ တံဆိပ်အမှတ်အသား၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)