ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိရာ ( ၆.၅.၂၀၂၂ ) ရက်နေ့ (၁၃: ၀၀) နာရီအချိန်တွင် ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်ဦးစီးမှူး ၊ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ခရိုင်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူးအပါအဝင် ဝန်ထမ်း(၂)ဦးတို့ပူးပေါင်း၍ အန္တရာယ်ရှိ ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိ ဈေးကွက်စောာင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် အန္တရာယ်ရှိဆေးနှင့်ဆေးပစ္စည်းများ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းထားခြင်းမဟုတ်သော ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

          ထို့နောက် ဆေးဆိုင်ပိုင်ရှင်များအား အန္တရာယ်ရှိဆေးနှင့် ဆေးပစ္စည်းများ မရောင်းချစေရေးနှင့် တရားဝင်တင်သွင်းပြီးမှတ်ပုံတင်ရရှိပြီးသည့် ဆေးနှင့်ဆေးပစ္စည်းမျာကိုသာ ရောင်းချကြစေရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)