![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၈၅_6.jpg?itok=MWTZrfPh)
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိရာ အခြေခံစားသောက်ကုန်များထဲတွင် မရှိမဖြစ်အရေးပါသော စားသုံးဆီများနှင့် ဆန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် စားသုံးသူပြည်သူများအား ချိုသာသောဈေးနှုန်းဖြင့် စားအုန်းဆီများနှင့် ဆန်အိတ်များအား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ကျောက်တံခါးမြို့နယ်ရှိ ဖဒိုမြို့ပေါ် (၅) ရပ်ကွက်တွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများကို လှည့်လည်ရောင်းချခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကွပ်ကဲမှု၊ ထို့နည်းတူ ကျောက်တံခါးမြို့ပေါ်ရှိ ဦးမျိုးသန့်ဆန်စက်မှလည်း စားသုံးသူပြည်သူများအား ဆန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)