ကြံခင်းမြို့နယ်၏ ကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

           ကြက်သွန်နီသည် အိမ်ထောင်စုတိုင်းအတွက် မရှိမဖြစ်စားသုံးကြသော မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်ပြီး၊ မြန်မာလူမျိုးအများစုအနေဖြင့် ဟင်းအနှစ်လုပ်ခြင်း၊ အသုပ်မျိုးစုံအတွက် ဆီချက်ချက်ခြင်း၊ ကျန်းမာရေးအတွက် ဆေးဖက်ဝင်အစားအစာအဖြစ် စားသုံးခြင်းဖြင့် အသုံးများကြောင်းသိရှိရပါသည်။

          စားသုံးသူများနေ့စဉ်ဝယ်ယူအသုံးပြုနေသောကြက်သွန်နီများကို ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကြံခင်းမြို့နယ်ရှိလက်ကားကိုယ်စားလှယ်များမှတစ်ဆင့် ကြံခင်းမြို့နယ်လက်လီ အရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဒုတိယပတ်အတွင်း ကြံခင်းမြို့မဈေးတွင် ကြက်သွန်နီ အလတ်စလက်လီဈေး တစ်ပိဿာလျှင် ၄၂၀၀/- ကျပ်၊ အသေးတစ်ပိဿာလျှင် ၃၅၀၀/-ကျပ်၊ အကြီးတစ်ပိဿာလျှင် ၅၀၀၀/-ကျပ်နှုန်းဖြင့်ရောင်းချကြောင်း ယခင်လနှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီအလတ်တစ်ပိဿာလျှင် ၄၀၀ကျပ်၊ အသေး ၂၀၀ ကျပ်၊ အကြီး ၅၀၀ကျပ်ခန့် ဈေးနှုန်းကျဆင်းပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA (ဧရာဝတီ)