![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/43_18.jpg?itok=G9toUR9m)
ဧရာဝတီတိုင်းဒသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စာဖိုဆောင်သုံးသီးနှံဖြစ်သော ခရမ်းချဉ်သီးနှံကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်။ ခရမ်းချဉ်သီးနှံကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလပထမပတ်တွင် စတင်ခူးဆွတ်ကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ကိုပျိုးထောင်ပြီး အပင်သက်တမ်း တစ်လခန့်အချိန်တွင် မြေချစိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ထုတ် ၆-၇ ထုတ်ခန့် စိုက်ပျိုးရကြောင်း၊ အထွက်နှုန်းအနေဖြင့်စတင်ခူးစွတ်ချိန် တစ်ဧကလျှင် ၃၀-၅၀ပိဿာခန့် ထွက်ရှိပြီး တစ်ပတ်ထက်တစ်ပတ် ပိုမိုထွက်ရှိပြီး၊ ၃-၄ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပါသည်။ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ၁၂ သိန်းခန့်ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ဒိုင်သွင်းဈေးအနေဖြင့် တစ်ပိဿာလျှင် ၄၀၀၀-၅၀၀၀ ကျပ်ရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် သိန်း ၂၀ ကျပ်ခန့် ရရှိခြင်းကြောင့် တွက်ခြေကိုက်လျက်ရှိကြောင်း ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦး၏ပြောကြား ချက်အရ သိရှိရပါသည်။
DOCA(ဧရာဝတီ)