![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/49_13.jpg?itok=PyMIbbDh)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲကျေးရွာ၊ မြေနဲကျေးရွာ၊ ရွာတုံကျေးရွာ၊ တောင်ပလူကျေးရွာများတွင် ကြက်သွန်နီကို အများဆုံးစိုက်ပျိုးကြောင်း သိရှိရ ပါသည်။ ယခုနှစ်တွင် မိုးကြက်သွန် စိုက်ဧကပေါင်း (၂၃၁၇)ဧကရှိပြီး ယခုအချိန်၌ လှိုင်လှိုင်ပေါ် ထွက်ပြီဖြစ်ရာ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ် အထိ ဈေးကွက်ရှိကြောင်း သိရှိရပါသည်။
ယခင်နှစ်ဒီဇင်ဘာလတွင် ကြက်သွန်နီတစ်ပိဿာအနိမ့်ဈေးမှာ (၂၂၀၀)ကျပ်မှ ကြက်သွန်နီ တစ်ပိဿာအမြင့်ဈေး (၂၈၀၀)ကျပ် ရှိခဲ့ရာ ယခုနှစ် ကြက်သွန်နီ တစ်ပိဿာ ဈေးနှုန်းနှင့် နှိုင်းယှဥ်ပါက ယခုနှစ်တွင် တောင်သူများအနေဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)