ဟုမ္မလင်းဒေသထွက် ငါးရံ့ခြောက်များကို တစ်ပိဿာလျှင် အကောင်အရွယ်အစားပေါ်မူတည်၍ ကျပ် ၈၀၀၀၀ မှ ၁၆၀၀၀၀ ထိရှိပြီး အသင့်စား၍ရသော မီးကင်ထားသည့် ငါးရံ့ခြောက်တစ်ဆယ်သား တစ်ဘူးလျှင် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသထွက် ငါးရံခြောက်ကို ရန်ကုန်၊ မန္တလေးနှင့်မုံရွာမြို့များသို့ တင်ပို့ရောင်းချပြီး လက်ဆောင်ပေးရန် ဝယ်ယူသူများလည်း ရှိကြောင်းသိရသည်။ ယခုအချိန်သည် ရာသီဥတုကောင်းမွန်၍ ငါးပေါသောရာသီဖြစ်ရာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)