မအူပင်မြို့ပေါ်ရှိ  ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်း  အသိပညာပေးဟောပြော အောင်မြင်စွာ ကျင်းပပြီးစီး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၉.၅.၂၀၂၂) ရက်နေ့ တွင် နံနက် (၁၀:၀၀) အချိန်မှ စ၍ မအူပင်မြို့ပေါ်ရှိ ဆီလက်ကားရောင်းချသူများအား ဖိတ်၍ စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်းနှင့် ပြည်ပမှ တင်သွင်းလာသည့် စားအုံးဆီများ သယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ပေးရေးဥပဒေ၏ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ အခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း တို့အပြင် ပြည်ပမှ တင်းသွင်းလာသည့် စားအုံးဆီများ သယ်ယူပို့ဆောင်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များအား အကျယ်တဝင့် အပြန်အလှန်ဆွေးနွေးပြီး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့မှလည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)