![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/4_43.jpg?itok=Mvt16U5T)
တောင်ငူမြို့ အနီး စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းကမ်းဘေး စိုက်ခင်းများမှ စိုက်ပျိုး သော မုံညင်းဖူး၊ မုံညင်းရွက်နှင့် မုံလာဥများမှာ ယခုအခါ လှိုင်လှိုင်ပေါ်နေပြီဖြစ်သဖြင့် ညောင်ပင် ဈေးတွင် ရောင်းချလျှက်ရှိနေပြီဖြစ်ပါသည်။
မုံညင်းဖူးများမှာ ပေါ်ခါစက တစ်စီးလျှင် ၃၅၀ ကျပ်၊ သုံးစည်းယူလျှင် ၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်စည်းလျှင် ၂၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပါ သည်။
မုံညင်းရွက်မှာ ပေါ်ခါစက တစ်စည်းလျှင် ၂၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၂၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်စည်းလျှင် ၁၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပါ သည်။
မုံလာဥမှာ ဥအရွယ်အစားပေါ်မူတည်၍ ၅ ပင်ပါ ဥသေး တစ်စည်းလျှင် ၃၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၂၅၀၀ ကျပ်၊ ဥလတ် တစ်စည်းလျှင် ၄၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၃၅၀၀ ကျပ်၊ ဥကြီး တစ်စည်းလျှင် ၇၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၆၅၀၀ ကျပ် ဈေးနှုန်းရှိပါကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင်များမှ သိရပါသည်။
DOCA (ပဲခူး)