ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်တောင်သူများအကျိုးအမြတ်ရ

Powered by Drupal

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ကြံစိုက်ဧက (၂၀၅၈၉)ဧက ရှိပြီး ခင်းသစ်(၁၄၈၀၇)ဧကနှင့် လမိုင်း(၅၇၈၂)ဧကပေါင်း (၂၀၅၈၉)ဧကရှိကြောင်း သိရှိရပါသည်။ ကြံဈေးနှုန်းများအနေဖြင့် ယခင်နှစ်က ကြံတစ်တန် လျှင် (၁၃၀၀၀၀)ရှိရာမှ ယခုနှစ်ကြံတစ်တန်လျှင် (၁၇၀၀၀၀)ကျပ် ခန့်ရရှိ၍ ယခုနှစ် ကြံရာသီချိန် ကြံဈေးမှာ ယခင်နှစ်ထက် ကြံတစ်တန်လျှင်(၄၀၀၀၀)ကျပ်ခန့် ဈေးပိုရပါသည်။ ကြံအထွက်နှုန်းမှာ ဆည်ရေသောက်ရသောဧရိယာတွင် (၃၅တန်မှ၄၀တန်) အထိထွက်ရှိပြီး ရေငတ်သောဧရိယာတွင် (၂၅တန်မှ၂၈တန်)အထိ ထွက်ရှိကြောင်း သ်ရှိရပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၂၀၀၀၀၀၀) ပတ်ဝန်းကျင်ရှိကြောင်းသိရှိရပါသည်။ အကျိုးအမြတ် အနေဖြင့် ၁ဧကလျှင် အနည်းဆုံး (၄၁၀၀၀၀၀)မှ အများဆုံး (၆၈၀၀၀၀၀) ရရှိသဖြင့် ကြံစိုက်တောင်သူများအကျိုးအမြတ်ရ၍တွက်ချေကိုက်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)