ပန်းတောင်းမြို့နယ်၏ကျန်းမာရေး ဆီ (ခေါ်) နေကြာဆီကြိတ်ခွဲမှုအခြေအနေ

Powered by Drupal

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၂၀၂၄-၂၀၂၅)ခုနှစ်တွင် နေကြာစိုက်ဧက (၃၅)ဧက စိုက်ပျိုးထားရှိပြီး အထွက်နှုန်းအနေဖြင့် (၁၈၂၆)နှုန်းထွက်ရှိသော်လည်း နေကြာဆီကို ကျန်းမာရေး အတွက်သာ အဓိကထား၍ စားသုံးကြပါသည်။ ပန်းတောင်းမြို့နယ်တွင် နေကြာဆီကို ကျန်းမာရေး အတွက်သာ ကြိတ်ခွဲစားသုံးမှုရှိကြောင်း သိရပါသည်။ နေကြာဆီကြိတ်ခွဲမှုအနေဖြင့် နေကြာ တစ်တင်းလျှင် (၃၅၀၀၀-၃၈၀၀၀)ကျပ် ဈေးရှိပါသည်။ နေကြာတစ်တင်း ကြိတ်ခွဲလျှင် ဆီ ၂ပိဿာနှင့် ၇၀ကျပ်သားထွက်ရှိပါသည်။ နဝလီကြိတ်ခွဲခအနေဖြင့် တစ်တင်းလျှင် (၈၀၀)ကျပ် ပေးရပြီး နေကြာတစ်တင်း ကြိတ်ခွဲလျှင် နေကြာဖတ် (၆)ပိဿာခန့် ထွက်ရှိကြောင်းသိရပြီး နေကြာဖတ် တစ်ပိဿာလျှင် (၁၈၀၀)ကျပ် ရရှိသည့် နေကြာဖတ်(၆)ပိဿာလျှင် (၁၀၈၀၀)ကျပ် ရရှိပါသည်။ နေကြာဆီ တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ် ရရှိသည့်အတွက် ဆီ၂ပိဿာနှင့် ၇၀ကျပ်သားတွင် (၃၅၁၀၀)ကျပ်ရရှိပါသည်။ နေကြာဖတ်ရောင်းရငွေ (၁၀၈၀၀)ကျပ်ရရှိသည့် အတွက် နေကြာတစ်တင်းကြိတ်ခွဲလျှင် စုစုပေါင်းရငွေ (၄၅၉၀၀)အစား (၃၈၈၀၀)ကျပ် ကျသင့်ပါသည်။ ထို့ကြောင့် နေကြာတစ်တင်းကြိတ်ခွဲရောင်းချလျှင် (၇၁၀၀)ကျပ် အမြတ်ရရှိမှာဖြစ်ကြောင်းသိရသော်လည်း နေကြာဆီကို ကျန်းမာရေးအတွက် သာဒေသတွင်း နဝလီကြိတ်ခွဲ၍ စားသုံးကြကြောင်းသိရပါသည်။