ဒီဇင်ဘာလကုန်ပတ် ပြည်ပဲဈေးကွက်မှာဘိုကိတ်ပဲသစ်များ ဝင်ရောက်မှုအနေဖြင့် ဝင်ရောက်မှုများလာပြီး တစ်ရက်အိတ် (၁၀၀မှ ၂၀၀)ကျော်အထိ ဝင်ရောက်မှုရှိလာခဲ့ပါသည်။ ပြည်အနီးတဝိုက်ဒေသများမှ ဝင်ရောက်မှုရှိပြီး ဝယ်လိုအားအနေဖြင့် လက်လီ/လက်ကား ရောင်းဝယ်မှုဖြစ်ကြပါသည်။ လက်ကားရောင်းဝယ်မှုအနေဖြင့် ရန်ကုန်ဝယ်လက်သမားများ အဓိက ဝယ်ယူမှုရှိကာအိတ် (၂၀၀)ကျော်နေ့စဉ်ဝယ်ယူကြသလို ဒေသတွင်း လက်လီသမားများမှလည်း နေ့စဉ်ဝယ်ယူကြတာကြောင့် ပဲအဝင်ရှိလာသလောက် အရောင်းအဝယ်ဖြစ် ခဲ့သည်ဟုသိရပါသည်။ ပဲဈေးနှုန်းများ တစ်တင်း (၉၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သည့်အတွက် ပဲဈေးကွက်များတွင် ဈေးကောင်းရသည်ဟု ဆိုရသော်လည်း ပဲနီပြား၊ ထောပတ်ပဲ ဈေးထက်လျော့နည်းနေ ခဲ့ပါသည်။ ယခင်နှစ်က ဘိုကိတ်ပဲသီးနှံယခုကာလဈေးနှုန်းမှာ တစ်တင်း (၇၂၅၀၀)ကျပ်သာ ရရှိခဲ့တာကြောင့် ယခုနှစ်ဘိုကိတ်ပဲသီးနှံဈေး မှာ ယခင်နှစ်ထက်ဈေး ကိုရနေခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)