![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/24_28.jpg?itok=qhahBVTK)
“နွေအချို၊ မိုးအခါး၊ ဆောင်းအချဉ်”ဟူသော ဆိုရိုးစကားနှင့်အညီ ရာသီပေါ်ဇီးဖြူသီးကို ဈေးများတွင် ရောင်းချနေပြီဖြစ်ပါသည်။ ယခုကဲ့သို့ ရာသီချိန်၌ ထမင်းစားပွဲမှာ ဇီးဖြူသီးထောင်း (သို့) ဇီးဖြူသီးထည့်၍ ချက်ထားသော ဟင်းလျာတစ်မျိုးမျိုးကို စားသုံးကြပါသည်။ ဇီးဖြူသီးသည် နေရာတိုင်း၊ ဒေသတိုင်း၌ ပေါက်ရောက်တတ်သော အပင်တစ်မျိုး ဖြစ်ပါသည်။ ဆီးဖြူသီးသည် အကြီးမျိုး၊ အငယ်မျိုး၊ အချဉ်မျိုး၊ အချိုမျိုး စသည်ဖြင့် ကွဲပြားမှုရှိ သော်လည်း စွမ်းရည် သတ္တိများ မှာ အတူတူပင်ဖြစ်ပါသည်။ တချို့ဒေသများတွင် ဆီးဖြူသီးကို သျှိသျှားသီးဟူ၍လည်း ခေါ်ဝေါ် ကြောင်းသိရှိရပါသည်။ ဒေသထွက်ဇီးဖြူသီးများကို မိုးရာသီနှင့် ဆောင်းရာသီများ၌ ဆွတ်ခူး ရောင်းချကြပါသည်။ ဇီးဖြူသီးအလုံးချော နို့ဆီဘူးတစ်ဘူးလျှင် ကျပ် (၆၀၀)၊ ဇီးဖြူသီး အလုံး အသေး နို့ဆီဘူးတစ်ဘူးလျှင် ကျပ် (၅၀၀) ဖြင့် ရောင်းချနေကြောင်း သိရပါ သည်။
ဆီးဖြူပင်သည် မြန်မာနိုင်ငံတွင် သဘာဝအလျောက်သော်လည်းကောင်း၊ စိုက်ပျိုးခြင်းဖြင့် သော်လည်းကောင်း ပေါက်ရောက်ပါသည်။ ရွက်ကြွေပင်လတ်မျိုးဖြစ်ပြီး အပင်ရဲ့ အကိုင်းအခက် တလျှောက်တွင် စိမ်းဝါရောင်အပွင့်များ အဆုပ်လိုက် အဆုပ်လိုက်ပွင့်ပါသည်။ ဆီးဖြူသီး၏ ပုံစံမှာ လုံးဝိုင်းပြီး အမြှောင်း ၆ မြှောင်းပါရှိပါသည်။ သူရဲ့အစေ့ကတော့ သုံးတောင့် ပုံစံ ရှိ ပြီး ဆီးဖြူသီးသည် အစိမ်းဖျော့ရောင်ရှိပြီး အထဲကအစေ့သည် အစိမ်းရင့်ရောင်ရှိပါ သည်။ ချဉ်ပေါင်းသည်တိုင်းလိုလိုမှာ ဆီးဖြူသီးပါလေ့ရှိပြီး ဆီးဖြူသီးကို အမျိုးမျိုးလုပ်စားကြပါသည်။ ထောင်းပြီး သုပ်စားနိုင်သလို အလုံး လိုက်ဆားရည်စိမ်ထားပြီး အတို့အမြုပ်အဖြစ်နဲ့ စားတာလည်းရှိပါတယ်။ ဒါ့အပြင် ငါးပိတို့ ခရမ်းချည် သီးတို့နဲ့ရောပြီး ဇီးဖြူသီးငပိချက်အနေနဲ့လည်း စားကြပါသည်။ အခုနောက်ပိုင်းမှာဆိုရင် ဆီးဖြူသီး ကိုဖျော်ရည်လုပ်သောက်ကြတာမျိုးလည်း ရှိလာကြပါသည်။
DOCA(ပဲခူး)