နတ်တလင်းမြို့နယ်တွင်ပန်းဂေါ်ဖီစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

   နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျောင်းကြီးကျေးရွာ၊ အုတ်တွင်းကုန်း ကျေးရွာ၊ သရက်တပင်ကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် အခြားကျေးရွာများတွင် ပန်းဂေါ်ဖီများကို တစ် ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။

          ပန်းဂေါ်ဖီစိုက်ပျိူးရန် ပျိုးပင်တစ်ပင်ကို(၇၀)ကျပ်နှုန်းဖြင့် (၀.၂၅)ဧက ပျိုးပင်(၃၅၀၀) ခန့်စိုက် ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထား၍ စိုက်ပျိုးကြပါသည်။ ပန်းဂေါ်ဖီကို စက်တင်ဘာနောက်ဆုံးပတ်မှစတင်စိုက်ပျိုးပြီး တစ်လခွဲခန့် အကြာတွင် စတင်ခုတ်ယူ ရောင်းချပါသည်။ ပန်းဂေါ်ဖီ(၀.၂၅)ဧက စိုက်ပျိုးရာတွင် ကုန်ကျ စရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ရေသွင်းခ၊  ပေါင်းမြတ်ရှင်းခ၊ ဓာတ်မြေဩဇာ ပိုးသတ်ဆေးအပါအဝင် စုစုပေါင်း(၇၀၀၀၀၀)  ကျပ် ကုန်ကျပါကြောင်း အထွက် နှုန်းမှာ  အပွင့်ရေ (၃၂၀၀)ခန့်ထွက်ရှိပြီး ယခုအောက်တိုဘာလ တတိပတ်တွင် ပန်ဂေါ်ဖီတစ်ပွင့်လျှင် အရွယ်အစား ကိုလိုက်၍ (၉၀၀-၇၀၀-၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချရပြီး ဒေသအတွင်းသာမက ကုန်စိမ်းဒိုင်များ မှတဆင့် အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချ လျက်ရှိပါကြောင်း  ပန်းဂေါ်ဖီစိုက် တောင်သူတစ်ဦး ထံမှသိ ရပါသည်။                    

DOCA(ပဲခူး)