![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/35_22.jpg?itok=OCIlGRa9)
နတ်တလင်းခရိုင် နတ်တလင်းမြို့ ညဈေးနှင့် မြို့မဈေးတို့တွင် ရောင်းချနေသော ကြက်သွန်နီ/ကြက်သွန်ဖြူ ဈေးနှုန်းများမှာ ဒီဇင်ဘာလ ပထမပတ်တွင် ကြက်သွန်နီ အကြီး တစ်ပိဿာ (၅၅၀၀)ကျပ် ၊ ကြက်သွန်နီ အသေး တစ်ပိဿာ (၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာ (၂၅၀၀)ကျပ်၊ကြက်သွန်ဖြူ ရှမ်းမွှာ တစ်ပိဿာ (၂၄၀၀)ကျပ်အထိရှိပြီး ယခု ဒီဇင်ဘာလ တတိယပတ်တွင် ကြက်သွန်နီ အကြီးတစ်ပိဿာ (၅၀၀၀)ကျပ်၊ ကြက်သွန်နီ အသေးတစ်ပိဿာ (၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာ (၂၄၀၀)ကျပ်၊ ကြက်သွန်ဖြူ ရှမ်းမွှာ တစ်ပိဿာ (၂၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိရာ ဒီဇင်ဘာလ ပထမပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ်ကျဆင်း လျက်ရှိကြောင်းသိရှိရပါသည်။
ကြက်သွန်နီ/ကြက်သွန်ဖြူ သီးနှံသည် စားသုံးသူများအတွက် စားဖိုဆောင်တွင် မရှိမဖြစ် လိုအပ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်သောကြောင့် ပုံမုန်ရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။
DOCA(ပဲခူး)