စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးမြင့်မားပြီး အာမခံချက်ရှိသော ကုန်စည်/ ဝန်ဆောင်မှုများ သုံးစွဲနိုင်ရေး၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရေးအတွက် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မေ (၂)ရက်၌ ညောင်ကုန်းအုပ်စု၊ ညောင်ကုန်းရွာတွင် လည်းကောင်း၊ မေ (၃)ရက်၌ ဇလဲ့အုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတွင်လည်းကောင်း၊ မေ (၄)ရက်၌ ကြို့ပင်သာ အုပ်စု၊ ဝက်ပုတ်ရွာမကျေးရွာတွင်လည်းကောင်း၊ မေ (၅)ရက်၌ ဆင်မြီးဆွဲမြို့၊ ရွာသာယာကြီး ကျေးရွာတွင်လည်းကောင်း၊ သဲကုန်းမြို့နယ်တာဝန်ခံမှ သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်နှင့် တားမြစ်ချက်များ အကြောင်း၊ ဉပဒေအရ ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ ဆက်သွယ်တိုင်ကြားနိုင်မည့် ဌာန၏ website ၊FB page၊ CICC ဖုန်းနံပါတ်နှင့် လိပ်စာတို့အား အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)