စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် မြို့နယ်စာရေးဆရာအသင်း၏ ဖိတ်ကြားချက်အရ ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ဖြူးမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် စားသုံးသူပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး ဆောင်ရွက်နေများနှင့် ဈေးကွက်လေ့လာစောင့်ကြည့်ခြင်း ဆောင်ရွက်မှုများကိုလည်းကောင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြရာတွင် လူတိုင်းသိသင့်သည့် အရေးကြီးသည့် အချက်အလက်များကို မြန်မာဘာသာဖြင့် ဖော်ပြပေးရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ဖြင့် ညွှန်ကြားထားပြီးဖြစ်ပါသဖြင့် ကုန်စည်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေး ဖတ်ရှုသင့်သည်များကိုလည်းကောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဦးစီးမှူးရုံးများသို့ တိုင်ကြားနိုင်သည်များကို လည်းကောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဝင်များက သိလိုသည်များ မေးမြန်းဆွေးနွေးခြင်းများကို ရှင်းလင်းဖြေကြားခဲ့ပါသည်။
အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းဝင်များနှင့် တာဝန်ရှိသူများ ၁၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)