ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသော ရာသီစာပိန်းဥဈေးနှုန်းနှင့် ကျန်းမာရေးအကျိုးအာနိသင်

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်  ကုန်စိမ်းသီးနှံများကို ရာသီအလိုက် ဒေသအသီးသီးမှ မှာယူရောင်းချလျက်ရှိပါသည်။

            ကုန်စိမ်းသီးနှံများကို မှာယူရောင်းချရာတွင် ရာသီအလိုက်သီးနှံများ၊ ကန်ဇွန်းဥ၊ ပိန်းဥ၊ အာတာလွတ်ဥနှင့် ပဲမြစ်တို့ကို ရောင်းချလျက်ရှိရာ ပိန်းဥကိုကန့်ဘလူဒေသဈေးကွက်အတွင်းသို့ ရောင်းချရန်အတွက် မန္တလေးမြို့မှ မှာယူရောင်းချရကြောင်းသိရသည်။

           ပိန်းဥ၏ ကျန်းမာရေးအကျိုးအာနိသင်များအနေဖြင့် အစာချေဖျက်နိုင်အားပိုကောင်းစေခြင်း၊ ကင်ဆာကာကွယ်နိုင်ခြင်း၊ ဆီးချိုသွေးချိုကာကွယ်နိုင်ခြင်း၊ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း၊ အသားအရေအတွက်ကောင်းမွန်စေခြင်း၊ ကိုယ်ခံအားစနစ်ကိုအားကောင်းစေခြင်းနှင့် သွေးလည်ပတ်မှုကောင်းစေခြင်း စသည့်အကျိုးအာနိသင်များရရှိစေသည့်အတွက် ပိန်းဥသည်လည်း စားသုံးသင့်သော ဥတစ်မျိုးဖြစ်ပါသည်။

             ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပိန်းဥဈေးနှုန်းများမှာ ပိန်းဥ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ၅၀ကျပ်သား လျှင်(၂၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ‌ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေး ကုန်စိမ်းသီးနှံမျိုးစုံရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)