ဖြူးမြို့တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ အသိပညာပေး

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဌာနခွဲစာရေး ဒေါ်ခင်သန္တာဦးတို့သည် မေလ ၂ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ပေါ်ရှိ စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့်ဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရေး ရှင်းလင်းပြောကြားပါသည်။

              မြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ အရည်အသွေးပြည့်မီရေး၊ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ရေးတို့အတွက် ပြည်ပမှ စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျှက်ရှိရာ ဈေးကွက်အတွင်းသို့ စားသုံးဆီများဖြန့်ဖြူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၁.၅.၂၀၂၂ နေ့မှစ၍ ဆီကန်မှထုတ်ယူသော စားသုံးဆီများအား Food Grade အဆင့်ရှိ အဝါရောင်ပေပါအသစ် သို့မဟုတ် သန့်စင်ပြီးပေပါအဟောင်း၊ စားသုံးဆီသီးသန့်သယ်ဆောင်သော ဘောက်ဆာယာဉ်များနှင့် Food Grade Tank များသို့သာ ဆီဖြည့်သွင်းပေးမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပေပါများ၊ ဘောက်ဆာယာဉ်များအတွင်းသို့ ဆီဖြည့်သွင်းပေးမည်မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ မိမိမြို့နယ်အတွင်းရှိ ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအနေဖြင့် ဝန်ကြီးဌာနက အသိပေးကြေညာထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပေးပါကြောင်း ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)