ဆီဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

                 စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ခရိုင်ရုံးမှ ဝန်ထမ်းများသည် မြိုနယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မေလ ၂ ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် တောင်ငူမြို့ပေါ်ရှိ ဆီဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။

              ထို့နောက် မြို့နယ်တာဝန်ခံမှ ဆိုင်တာဝန်ရှိသူများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အရ စားသုံးဆီ၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကိုလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ ပင်ရင်း ပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။

              ထို့ပြင် စားသုံးသူပြည်သူများ ဘေးဉပါဒ်အန္တရာယ်ကင်းစင်ရန်အတွက် (၁.၅.၂၀၂၂) ရက်နေ့မှ စတင်၍ ဆီကန်မှ ထုတ်ယူသော စားသုံးဆီများအား Food Grade Tank အဆင့်ရှိ အဝါရောင် ပေပါအသစ်အတွင်းသို့ ဆီဖြည့်သွင်းရမည်ကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)