တောင်ငူမြို့နယ်တွင် Century သောက်ရေသန့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်၊ စားသုံး/ထုတ်လုံ တာဝန်ခံ ဦးမင်းဇော်၊ တောင်ငူမြို့နယ် တာဝန်ခံ ဦးမြင့်သူနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား သိရှိလိုက်နာပြီး ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြလာခြင်းဖြင့် လုပ်ငန်းများအတွက် ထိရောက်စွာအကျိုးဖြစ်ထွန်းလာနိုင်စေရန် ရည်ရွယ်၍ ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တောင်ငူမြို့၊ အမှတ် ၂၀ ရပ်ကွက်၊  စက်ရှင်လမ်းရှိ Century သောက်ရေသန့်သို့ကွင်းဆင်း၍ လုပ်ငန်းရှင်များနှင့်ဆွေးနွေးခဲ့ပါသည်။

              ထို့နောက် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက Century သောက်ရေသန့်ပိုင်ရှင် ဦးကျော်ဟိန်းနှင့် လုပ်သားဝန်ထမ်း (၁၀)ဦးအား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဠာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ၏အခွင့်ရေးနှင့်တာဝန်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အမှတ် ၁/၂၀၂၂ တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)