စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဌာနခွဲစာရေး ဒေါ်ခင်န္တာဦးတို့သည် ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစောမင်းသူ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ မေလ ၅ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် လိပ်သေကျေးရွာအုပ်စု၊ ကွာရီကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် အကြောင်းများကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ဈေးနှုန်းဈေးကွက်သတင်းများ၊ သီးနှံများ၏ စိုက်အောင်ထွက် စားသုံးပိုလျှံ သတင်းအချက်အလက်များကို ရယူစုဆောင်း၍ တင်ပြဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ သီးနှံအစုအဖွဲ့များ ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်သည့် အလေ့အထများရှိစေရေးဆောင်ရွက်ပေးသည့် အခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးဌာနက အကြံပြုထားသည့် လူတစ်ဦးစားသုံးသင့်သည့် ဆီပမာဏထက်ကျော်လွန်စားသုံးခြင်းမပြုခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့်အပြင် မိသားစုစီးပွားရေးကိုလည်း အထောက်အကူပြုမည့် အခြေအနေများ၊ မြေပဲ၊ နှမ်းနှင့် နေကြာတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီကို စားသုံးရမည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုမည့် အခြေအနေများကိုလည်းကောင်း ဟောပြောပါသည်။
ဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဌာနတို့မှ တာဝန်ရှိသူများကလည်း မိမိတို့ဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပါသည်။ ဟောပြောပွဲသို့ ကွာရီကျေးရွာတောင်သူဦးကြီးများနှင့် မိသားစုဝင်များ ၅၀ ဦးခန့် တက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)