![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/116_5.png?itok=B56bVjje)
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ မော်ရကျေးရွာ၊ ထန်းတပင်ကျေးရွာနှင့် အခြားကျေးရွာများတွင် မိုးခရမ်းသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါ သည်။ မိုးခရမ်းသီးစိုက်ပျိုးရန် ပျိုးပင်တစ်ပင်ကို ၅၀ကျပ်နှုန်းဖြင့် တစ်ဧကကို ပျိုးပင် ၄၀၀၀ ခန့်စိုက်ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထားပြီးစိုက်ပျိုးကြပါသည်။ ခရမ်းသီးများကို ဇူလိုင်လကုန်တွင်စတင်စိုက်ပျိုးပြီး (၂)လအကြာတွင် ခူးဆွတ်ကြပါသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ပေါင်းမြက်ရှင်းခ၊ မြေဩဇာ၊ ပိုးသတ်ဆေး အပါအဝင်စုစုပေါင်း ၈၂၀၀၀၀ကျပ် ကုန်ကျပါကြောင်း တစ်ဧကအထွက်နှုန်းမှာ အလုံးရေ ၁၃၀၀၀ ခန့်ထွက်ရှိကြောင်း တစ်လုံးလျှင် ၁၀၀ကျပ်မှ ၁၅၀ကျပ် နှုန်းဖြင့် ဒေသတွင်းသာမက ကုန်စိမ်းဒိုင်များမှတဆင့် အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် အကျိုးအမြတ်အနေဖြင့် ပျမ်းမျှကျပ်(၈သိန်း၇သောင်း)ခန့်ရရှိကြောင်း ခရမ်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)