စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၂၀၂၂ခုနှစ်၊ မေလ(၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ ၊ သီရိမင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ရောင်းချနေသော Paris ဆပ်ပြာခဲအား ကုန်အညွှန်းအမှတ်အသားပါ အလေးချိန် ဖော်ပြချက်နှင့် အမှန်တကယ်ပါဝင်သော အလေးချိန်ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် Paris ဆပ်ပြာခဲ ထုတ်လုပ်ဖြန့်ချီလျက်ရှိသော United Pacific Co,Ltd က ဈေးကွက်အတွင်း ရောက်ရှိနေသော ကုန်စည်(ဆပ်ပြာခဲ)များအား ထုတ်လုပ်မှုအပိုင်းတွင် မည်သည့်အကြောင်းအရာကြောင့် အလေးချိန် လျော့နည်းနေပါက၊ ၎င်းကုမ္ပဏီမှ တာဝန်ယူ၍ ဈေးကွက်အတွင်းရှိ အလေးချိန်မပြည့်သော ဆပ်ပြာခဲများအား ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်အတိုင်း ပြည့်မီသော ဆပ်ပြာခဲများဖြင့် လဲလှယ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ရုံး၏ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ ပါသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသည့် ကုန်စည်များသာရောင်းချကြရန် ဈေးတွင်းရှိ ကုန်စုံဆိုင်များအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကယား)