လပွတ္တာမြို့နယ်၊ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၉.၅.၂၀၂၂)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၅)ရပ်ကွက် ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးမှုများဆောင်ရွက်ရာတွင် အမှတ်(၅)ရပ်ကွက် ဘုရားလမ်းတွင် ဖွင့်လှစ်ရောင်းချနေသော  မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပေဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ််များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)