မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များ   ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်ဦးစီးမှူး  ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ််အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတို့ ပူးပေါင်း၍  (၁၀.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ တွင် မြောင်းမြမြို့ပေါ်ရှိ ဆေးဆိုင်များသို့ စံမညီဆေးဝါးများ တရားမဝင် Bella  Plus  Plaster နှင့် ထိုင်းနိုင်ငံထုတ် ရသေ့ဆေး(သို့) ထိုင်းဗိန်းတောဆေး ရောင်းချနေမှုရှိ/မရှိ ဆေးဆိုင်များသို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Bella  Plus  Plaster ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင်အမှတ် Import မှ Registration No, (IR) များ ဖော်ပြပါရှိသည့် ပစ္စည်းများကိုသာ ဈေးကွက်အတွင်း ရောင်းချနေစေရေး၊ Online ပေါ်တွင် ကြော်ငြာ၍ ရောင်း ချနေသော ရသေ့ဆေး(သို့)ထိုင်းဗိန်းတောဆေး ရှိ/မရှိ ထိုင်းနိုင်ငံ၏ FDA မှ ဘေးအန္တရာယ်ရှိ ဆေးအဖြစ်ထုတ်ပြန်ထားကြောင်း ဆေးဆိုင်ပိုင်ရှင်များအား သိရှိနိုင်ရန်ရှင်းလင်းဆေးနွေးခဲ့ပြီး သတ်မှတ်ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးမှတ်ပုံ တင်မရှိသောဆေးများအား ရောင်းချခြင်းမပြုရန် ထပ်ဆင့်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)