စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည်တောင်ငူခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်း ချက်အရ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ် သာဂရမြို့ရှိ စည်ပင်သာယာဈေးနှင့် ဈေးပြင်ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။
ပူးပေါင်းအဖွဲ့သည် ကေတုမတီဈေးနှင့် ဈေးပြင်ပ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိ သော စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓါတုဆေးများ ပါဝင်မှုရှိ/မရှိနှင့် သက်တမ်းလွန်/မလွန်ကိုလည်းကောင်း၊ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် အိမ်သုံးဆေးဝါးများတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးများ ပါဝင်မှုရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးကို အလေးထားဆောင်ရွက်ရန် ဆိုင်ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များအား မှာကြားခဲ့ကြောင်းသိရသည်။
ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်ဇင်မေဌေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သာဂရဈေးတာဝန်ခံ ဦးဇင်မင်းလှိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆွာကျန်းမာရေးဌာနခွဲမှ ကျေးလက်ကျန်းမာရေးမှူး ဒေါ်မေသူလွင် ဦးဆောင်သော ဝန်ထမ်းများပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)