Main menu

ရေတာရှည်မြို့နယ် သာဂရမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည်တောင်ငူခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်း ချက်အရ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ် သာဂရမြို့ရှိ စည်ပင်သာယာဈေးနှင့် ဈေးပြင်ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

              ပူးပေါင်းအဖွဲ့သည် ကေတုမတီဈေးနှင့် ဈေးပြင်ပ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိ သော စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓါတုဆေးများ ပါဝင်မှုရှိ/မရှိနှင့် သက်တမ်းလွန်/မလွန်ကိုလည်းကောင်း၊ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် အိမ်သုံးဆေးဝါးများတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးများ ပါဝင်မှုရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးကို အလေးထားဆောင်ရွက်ရန် ဆိုင်ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များအား မှာကြားခဲ့ကြောင်းသိရသည်။

           ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးရုံးမှ   ဒု-ကြီးကြပ်ရေးမှူး ဒေါ်ဇင်မေဌေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သာဂရဈေးတာဝန်ခံ ဦးဇင်မင်းလှိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆွာကျန်းမာရေးဌာနခွဲမှ ကျေးလက်ကျန်းမာရေးမှူး ဒေါ်မေသူလွင် ဦးဆောင်သော ဝန်ထမ်းများပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)