ဟင်္သာတမြို့နယ်တွင် စားသုံးသူ စွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းများ ကောက်ယူ

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းများ ကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများ၏ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာ ဗဟုသုတနှင့် စွမ်းဆောင်ရည် မည်မျှရှိသည်ကို သိရှိနိုင်ရန်အတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းအား ကောက်ယူခြင်း ဖြစ်ပါ သည်။

            ထိုသို့ စစ်တမ်းကောက်ယူ ခြင်းကို (၂.၅.၂၀၂၂) နေ့၊ နံက် (၁၀:၀၀) တွင် ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင်  ပြည်သူ (၂၂) ဦးကို စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဒု-ခရိုင်မှူး ဦးဆောင်သောအဖွဲ့မှလည်းကောင်း၊ (၄.၅.၂၀၂၂) နေ့၊ နံက် (၈:၀၀)တွင် ၊ ဟင်္သာတမြို့နယ်၊ အင်းဓဝယ်ကျေးရွာအုပ်စု၊ တောင်သူဦးတင်ရီ၏ သီးနှံသိုလှောင်ရုံတွင် ပြည်သူ (၁၄)ဦးကို စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့မှလည်းကောင်း၊ (၅.၅.၂၀၂၂) နေ့ ၊ နံက် (၈:၀၀) တွင် ဟင်္သာတမြို့၊ တာကလေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူ (၁၅)ဦးကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဒု-ခရိုင်မှူး ဦးဆောင်သောအဖွဲ့မှလည်းကောင်း၊ စစ်တမ်းများကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

            စစ်တမ်းဖြေဆိုသူ ပြည်သူများမှလည်း တက်ကြွစွာ ပါဝင်ဖြေဆိုခဲ့ကြပြီး စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့်သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)